ကချင်ပြည်နယ်တွင် ဧရာဝတီ မြစ်ရေတက်လို့ မြစ်ကြီးနားမြို့ က ရပ်ကွက် ၁၄ ခုမှာ ရေကြီးရေလျှံတာကို ကြုံတွေ့ နေရပါတယ်။ ရေကြီးရေလျှံမူ ဖြစ်တဲ့ ရပ်ကွက် ၁၄ ခုမှာ ရပ်ကွက် ကြီူ ၆ ခုပါဝင်နေပါတယ်။ ၁၂ ရက် ညဘက်တွင် သတ်မှတ်ထားသော စိုးရိမ်ရေမှတ်ကို ကျော်သွား ပြီဖြစ်ပါသည်။

ရေကြီးချိန်မဟုတ်
ကချင်ပြည်နယ်တွင် ဖြစ်လေ့ ဖြစ်ထရှိသော သဘာဝဘေးဒဏ်ကို ကြည့်သောအခါ ဧရာဝတီ မြစ်ရေသည် ဇွန်လတွင်များ သော အား ဖြင့် ကြီးလေ့ကြီးထ မရှိပါ။ ဇွန်လှိုင်လကုန် – သြဂုတ် လများ၊ ( သို့ ) သြဂုတ်လ- စက်တင်ဘာလတွင် သာ မြစ်ရေကြီးလေ့ ရှိတတ်ပါသည်။ မြစ်ရေကြီးခြင်းသည်လည်း နှစ်တိုင်း တွေ့ ကြုံရသော အရာ မဟုတ် ပါ။ ဒေသအဆိုအရ များ သော အား ဖြင့် ( ၄ ) နှစ်ခန့် မှ တစ်ကြိမ် ကြီး တတ်ကြောင်းကို ကချင်ပြည်သူပြည်သားများ ပို၍ သဘောပေါက်ပါသည်။ ဤသို့ ဆိုက ယခုနှစ်တွင် မည်သည့် အကြောင်းရင်းများကြောင့် ဧရာဝတီမြစ်သည် အချိန်တို အတွင်း ရေကြီးလာရပါသနည်း။

ဖြစ်နိုင်ချေရှိသည့်နည်းလမ်းများကို ဖော်ပြလိုက်ပါသည်။
၁) ရေခဲတောင် အရည်ပျော်ခြင်း
ရေခဲတောင်အရည်ပျော်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ပူနွေးလာရခြင်းသည် အဓိက အကြောင်းအရာဖြစ်ပါသည်။ စက်ရုံ၊အလုပ်ရုံ များမှ ထွက်လောသာ ကာဗွန်ဒိုင် အောက်ဆိုက်၊ နိုင်ထရိုဂျင် စသည်ဓတ်ငွေ့ များ ဖန်လုံအိမ် သဘောတရားအားဖြင့် ( Green house effect ) လေထုထဲ ပိတ်မီပြီး ကမ္ဘာကြီးပူနွေး လာသော အခါ ရေခဲ မြစ်ရေများ အရည်ပျော်လာရခြင်းဖြစ်ပါသည်။

၂) သစ်တောသစ်ပင်များ ခုတ်လဲခံရခြင်း
တောတောင် မြစ်ဘေးများတွင် အကြောင်းအမျိုးမျိုးကြောင့်  သစ်ပင်များ ခုတ်လှဲခံရသော အခါ၊ မိုးရေများကို ထိန်းနိုင်ဖို့ ရန်အတွင် သစ်ပင် အမြစ်များ မရှိသောအခါ ရွာသွန်းသော မိုးရေများ မြစ်ထဲ သို့ လျှင်မြန်စွာ စီးဆင်းသွား ရခြင်းသည်လည်း မြစ်ရေကြီးရခြင်း၏ အကြောင်းအရင်း တစ်ရပ်ဖြစ်ပါသည်။
၃) မြစ်ဘေးများတွင် ရွှေမော်များ တူးဖော်ခြင်း
မြစ်ဘေးတစ်လျှောက်တွင် တစ်နိုင်တစ်ပိုင် မကဘဲ စက်များဖြင့် ရွှေတူး၊ သဲသောင်တူးခြင်းများသည် လည်း ရေကြီးရသည့်အကြောင်းရင်းတစ်ခုဖြစ်ပါသည်။ မြစ်ကြောင်း တစ်လျှောက် ရှိ သဘာဝ သဲသာင်များသည် မြစ်ရေထိန်းဖို့ ရန်အတွက် အရံအတားများ များ ဖြစ်သည်။ ထိုအရံအတားမျာ ပျက်စီး၊ ပြောင်းလဲသွားသော အခါ၊ မြစ်ရေကြီးခြင်းကို ထိန်းသိမ်းနိုင်စွမ်းအား မရှိတော့ ပါ။

လူတို့ ၏ ပရောဂ မကင်း
အထက်ပါ အကြောင်းအရာများကို လေ့လာဆန်းစစ်ပါက၊ မြစ်ရေကြီးရခြင်းအကြောင်းအရင်းများ မှာ လူတို့ ၏ ပရောဂ မကင်းပါ၊ စည်းမဲ့ ကမ်းမဲ့ လောဘကြီးစွာ သစ်ခုတ်ခြင်း၊ ရွှေတူးခြင်း၊ ဆည်တည်ဆောက်ခြင်း တို့ ကို ပြန်လည် မဆန်းစစ် ပြုပြင်ခြင်းမရှိပါက၊ နောက်တစ်ဖန် ရေကြီး ခြင်းများကို ဆက်လက် ကြုံတွေ့ ရ နိုင် ပါသည်။
ကိုးကား – What causes flooding ?
Ja Tawng Naw