ချင်းတိုင်းရင်းသား နပန်းကစားသမား တီရယ်ထန်း ချင်းမယ်ဒယ်ဝိတ် တန်းအနိုင်ရ

0
90

အ မေရိကန် နိုင်ငံရောက် ချင်းတိုင်းရင်းသား နပန်းကစားသမား The Dragon Leg နဂါးခြေ ထောက် လို့  အမည်ရတဲ့ တီရယ်ထန်း ( Tial Thang ) ဟာ လွန်ခဲ့ တဲ့  ရက်သတ္တပတ်က အ မေရိကန်နိုင်ငံ အင်ဒီယာနာမှာ ကစားခဲ့ တဲ့  Chin Middleweight Wresting နပန်းပွဲ မှာ ချန်ပီယံအဖြစ် အနိုင်ရရှိခဲ့ပါတယ်။

အနိုင်ရတဲ့ ပွဲ နဲ့ ပတ်သက်လို့  ဘဝတူ ကစားသမား လည်းဖြစ် ဆရာလည်းဖြစ်တဲ့ အောင်လအန်ဆန်က သူရဲ့ Facebook က နေ ..” Middleweight Wresting Champion ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တဲ့အတွက် တိရယ်ထန် ” The Dragon Leg” အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ ချင်းလူမျိုးစုတွေမှာ သူတို့ ရဲ့  ကိုယ်ပိုင် ကိုယ်ခံပညာရပ်များ ရှိနေတာဟာ အံ့အားသင့် ဖွယ် ကောင်းတယ်လို့  ကျွန်တော် ထင်ပါတယ်။ မြန်မာနိင်ငံမှာ လူမျိုးစုတွေ ရဲ့  မတူညီတဲ့ ကိုယ်ခံပညာရပ်ကိုယ်ဆီ ရှိနေကျတာ ဘယ်လောက်တောင် ကောင်းလိုက်လဲဗျာ …… “ လို့  အခုလို မျိုး ဂုဏ်ပြုစကား ရေးသားထားပါတယ်။

တိရယ်ထန်း မှလည်း ရိုးရာကို ပြန်လည်ဖော်ထုတ် ယှဉ်ပြိုင်ပွဲ ဦးဆောင်ခဲ့ တဲ့  ချင်း အဖွဲ့ အစည်းကို ကျေးဇူးတင်စကား ပြောဆိုထားပြီး၊ များမကြာမှီ မြန်မာပြည်ကိုယ် စား ပြု အ နေ နဲ့  One Championship ပြိုင်ပွဲ မှာ ကစားခြင်နေပြီ ဖြစ်ကြောင်းနဲ့  ဖခင်နဲ့  ညီအမ နှစ်ယောက်ရှေ့ မှာ အနိုင်ရ အောင် က စား နိုင် တယ် အင်မတန် ဝမ်းသားဖြစ်တယ်လို့် ဆိုထားပါတယ်။

ကိုးကား – Aung La Nsang FB, Tial Thang FB

JTN

LEAVE A REPLY

Please enter your comment!
Please enter your name here